ရေခိုးရိုက်နေတဲ့ မှန်တစ်ချပ်လိုပဲ
အနာဂတ်တွေကေ၀၀ါး - ဝေးဝေးမမြင်နိုင်
အချိန်မှန်ပျက်တတ်တဲ့မီးလိုပဲ
ကံဆိုးခြင်းက အချိန်မှန်ထက်စောစောပြီး ရောက်ရောက်လာ - တစ်ခါတစ်လေ တစ်နေကုန်
ဒီလိုနဲ့ ကမ္ဘာကြီးလည်နေပါတယ် - ယုံ။
အုံ့မှိုင်းမှောင်မိုက်တဲ့စိတ်ကောင်းကင်
ငါတို့ဆီမှာ
ပိတ်ထားတဲ့ တံခါးတွေက ခပ်များများ
တွန်းဖွင့်လိုက်ဖို့လက်တွေက နည်းလွန်း
အတ္တတွေ အရိုင်းဆန်လိုက်ပုံများပြောပါတယ်
ကျွန်ဖြစ်လည်း ကျွန်ပါးတော့ ဝ လိုက်ချင်သေးတယ်
ကိုယ် - စိတ်
ဖျားနာခြင်းမှာ မကြာ မကြာ ယဉ်ပါး
ငါတို့က ဒဏ်ရာစုဆောင်းသူ
ငါတို့က ကြမ်းပေါ်ကျကွဲတဲ့ ကြက်ဥပါး
ကြေကွဲစတိုင်း သွေးရဲသားရဲ လှရဲ့
အစာချောင်းနေတဲ့ ကျီးတွေ သိပ်များလွန်းတဲ့ ကမ်းခြေပါ
ငါတို့ရဲ့ သွေးရဲသားရဲတွေ လုံခြုံအောင် ဖွက်ထားလိုက်ကြ
ရာသီဥတုက အခုအချိန်ထိ မကောင်းနိုင်သေးဘူးရယ်။
မနေ့ကအကြောင်း မပြောနဲ့ဆိုတော့
ဒီနေ့အကြောင်း ရေးမယ်
ဒီနေ့က ငါရဲ့ထုံထိုင်းမှုတွေနဲ့
ဒီနေ့က ငါ့ရဲ့ ညောင်းညာမှုတွေနဲ့
အမေ့ဆီ ဖုန်းဆက်တယ်
ခြေသည်းလက်သည်း ညှပ်တယ်
အွန်လိုင်းပေါ်မှာ တစ်နေကုန်တယ်
မပြီးသေးတဲ့စာတွေကို မသိချင်ယောင်ဆောင်တယ်
ကွေးကောက်သွားတဲ့ခြေသည်းတွေလို ငါ့စိတ်နဲ့ငါ ခြေစွယ်ငုတ်တဲ့ ဒီနေ့
လူမှုရေး ညောင်းညာမှုတွေနဲ့ ဒီနေ့
ကိုက်နေတဲ့ မျက်ရိုး၊ ဆာနေတဲ့ဗိုက်၊ ကိုယ်သွေးကို ပြန်စုတ်မိတဲ့ ဂျပိုးလို ဒီနေ့
တံခါးတွေ ဖွင့်ထားသလိုလို ပိတ်ထားသလိုလို မတင်မကျ ဒီနေ့
ကိုယ်ကိုကိုယ် ပြန်မဆက်သွယ်နိုင်
ကိုယ်ဘာသာစကားကိုယ် နားမလည်
ကိုယ့်အော်သံ ကိုယ် မကြား
ကိုယ့်ငရဲမှာ ကိုယ်ပျော်တဲ့ ဒီနေ့ပေါ့
မေမေရေ ဖုန်းကိုင်ပါတော့
ထုံထိုင်းမှုမှာ ကျွန်တော့်အရေပြားတွေ ခြောက်သွေ့ကုန်ပေါ့
  Labels: Poems  
အဓိပ္ပာယ်တွေ ရှာမရတော့တဲ့အခါ... ကဗျာ
>> Sunday, February 7, 2010
Subscribe to:
Post Comments (Atom)
Popular Posts
- 
(၁)မင်္ဂလာပါ ခင်များ.. မြန်မာနိုင်ငံအတွက် တိုးတက်မှုတွေ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာတာဟာ ကျနော်တို့ မြန်မာနိုင်ငံသားတွေ အတွက် ဂုဏ်ယူစရာများသာ ဖြစ်ပ...
- 
စာအုပ်လေးစာအုပ်လေးလိုပြောနေတယ်သူငယ်ချင်းမိတ်ဆွေများအတွက်ကျနော်ရှာထားပါတယ်အောက်မှာ ဒေါင်းလုပ် ရယူရန် http://ifile.it/f6d04y2 သို့မဟုတ် http:/...
- 
Task bar ကို မြန်မာဖောင့် ပေါ်အောင် ဘယ်လိုလုပ်မလဲလို့ မေးခဲ့ကြတဲ့လူတွေ တော်တော်များတယ်။ အဲဒီအတွက် windows မှာ ဖောင့် ပြောင်းဖို့ ပေးမထားပါဘူး...
- 
AntiVir Personal 10.0.0.592 | 50.66MB update Free ရပြိတော်တော်ကောင်းပါတယ်သူက software ညှိချင်းသိပ်မရှိပါဘူး
- 
ကျနော်ကလဲဒိလိုလေးတွေပဲတင်နေတယ်ဆိုပြိတော့စိတ်အားမငယ်လိုက်ပါနဲ့ နော်ကျနော်လဲသူငယ်ချင်းမိတ်ဆွေများလိုအပ်မယ်ဟာလေးတွေရှာကြံပြိတင်နေရဒါလေးအဟဲကျနော...
- 
ချစ်သူ့နှုတ်ခမ်း လွမ်း၍နမ်းသော် နမ်းရာမထင် လွမ်းရာထင်လို့ ရင်မှာလောင်ကျွမ်း နေလောင်ပန်းလို.....
- 
WINDOW 7 တင်နည်းမြန်မာလိုစာအုပ် 753Kdb ကျွှန်တော်တို့  မြန်မာချက်အွန်လိုင်း မိသားစု မှ kosannyeinnn ရေးသားထားတဲ့ WINDOW 7 တင်နည်းမြန်မာလိုစာ...
- 
Download AceBackup ကိုသူရ ကျနော် တင်ပေးလိုက်ပြိနော်အခုတင်ပေးလိုက်တယ်ဆော့ဝဲရှင်းရှင်းလေးပါ ဘာမှသိပ်ပြိလုပ်စရာမလိုပါဘူး ( C: ) အပိုင်းဆို ( C...
- 
::Burmese Font Converter:: - Zawgyi-One (Zawgyi,Zawgyi1...) UniBurma (UniBurma...) MyaZedi (Myazedi,bit,Mandalay...) Myanmar3 (Myanmar2,...)...
- 
Save R.U.S.E. is a World War II strategy game from Ubisoft. Review Score: 7.0 | Release Date: Sep 7, 2010 (credit:extreme-gamerz) ဒေါင်းလ...
 
0 comments:
Post a Comment