ကျနော်လည်အားနားမိပြန်တယ်ကျနော်သူငယ်ချင်းမိတ်ဆွေတွေကို အပိုင်း ၁ နဲ့  အပိုင်း ၂ ဆက်ဒါတော်တော်ကြာသွားတယ်
အခုလဲသူငယ်ချင်းတစ်ယောက်က၀က်ဆိုဒ်မှာလေးလုပ်ထားဒါတယ်တဲ့ သူဆိုဒ်မှာလိုဒါလေးတွေထဲလိုရအောင်ဆိုဒ်နဲ့ ပတ်သက်ဒါလေးတွေပဲ
ရွေးပြိတင်ပေးပါဆိုလိုဆိုဒ်နဲ့ ပတ်သက်ဒါလေးရွေးတင်လိုက်ပါတယ်အခုတင်မယ်ဟာကလွယ်ကူရိုးရှင်းပါတယ်

Marquee အကြောင်းလေးအရင်းပြောပါမယ်
စာလုံးလေးတွေဟိုသွားလိုက်ဒိသွားလိုက်နဲ့  ဒိဇိုင်းလှလှလေးတွေလုပ်ဒါလေးပေါ့
အရင်ဆုံးသူငယ်ချင်းတို notepad လေးအရင်ဖွင့်ထားပေါ့လက်တွေ့ လုပ်ကြည်မှမှတ်မိလွယ်မယ်ထင်တယ
ကဲ notepad ထဲကိုအောက်ကဟာလေးထဲပြိ Save မှတ်လိုက်ကြည်
Save မှတ်ပြိ file name ပေးတယ်နေရာမှာ filename.html လိုထဲပြိပေးလိုက်ပါ
အနောက်မှာ html လိုဘာလိုထဲရလဲဆိုတော့
အဲ့ဒါမှ page လေးတစ်ခုတက်လာတာကို မြင်ရပါမယ်။



html>
<head><title>Example</title></head>
<body>
<marquee>I'm moving</marquee>
</body>
</html>
အဲဒီ code မှာဆိုရင် စာသားလေးက ရွေ့နေတာကိုတွေ့ရပါမယ်။ ဘယ်ဘက်ကနေ ညာဘက်ကိုရွေ့လာတာပါ။
Marquee မှာရှိတဲ့ attribute တွေကတော့

ဘယ်ကနေညာ ၊ ညာကနေ ဘယ်ပြန်သွား ပါတယ်။
<marquee behavior="alternate">I'm moving</marquee>
scroll
သူက default value ပါ။ ဘယ်ကနေ ညာ ၊ ညာဘက်ရောက်သွားရင် ဝင်သွားပြီး ဘယ်ဘက်နေ ပြန်စတာပါ။
<marquee behavior="scroll">I'm moving</marquee>
slide
သူကတော့ ဘယ်ကနေညာ ပြီးရင် ညာဘက်လည်းရောက်ရော ရပ်သွားပါတယ်။
<marquee behavior="slide">I'm moving</marquee>
direction
left
သူကတော့ default value ပါ။ ညာဘက်ကနေ ဘယ်ဘက်ကိုသွားမယ်လို့ ဆိုတာပါ။
<marquee direction="left" >I'm moving</marquee>
right
သူကတော့ ဘယ်ဘက်ကနေ ညာဘက်ကိုသွားမယ်လို့ဆိုတာပါ။
<marquee direction="right" >I'm moving</marquee>
up
သူကတော့ အောက်ကနေ အပေါ်လာမယ်လို့ဆိုတာပါ။
<marquee direction="up" >I'm moving</marquee>
down
သူကတော့ အပေါ်ကနေ အောက်ဆင်းမယ်လို့ဆိုတာပါ။
<marquee direction="down" >I'm moving</marquee>
loop
[number]
သူကတော့ ကိုယ်ဘယ်နှစ်ကြိမ် marquee ကို လုပ်ခိုင်းမယ်ဆိုပြီး number တစ်လုံးထည့်ပေးရပါတယ်။ ၁ ဆို ၁ ကြိမ်ပဲလုပ်မယ်ပေါ့။
<marquee loop="1" >I'm moving</marquee>
scrollamount
[number]
တစ်ခါရွေ့ရင် ဘယ်လောက် pixel ရွှေ့မလဲဆိုပြီး ထည့်ပေးရတာပါ။ ထည့်လိုက်တဲ့ နံပါတ်များလေလေ ဝေးဝေးရွေ့ မြန်မြန်သွားလေလေပဲ။
<marquee scrollamount="10">I'm moving</marquee>

scrolldelay
[number]
သူကတော့ ဘယ်လောက်ကြာရင် ရွှေ့မလဲဆိုတာပါ။ သူက millisecond နဲ့ပါ။ 1000 လို့ထည့်လိုက်ရင် 1 second ကြာမှ တစ်ခါရွေ့မှာပါ။ သူကတော့ နံပါတ်များလေလေ ကြာလေလေပါပဲ။
<marquee scrolldelay="1000">I'm moving</marquee>
bgcolor
[hex code] OR [Color Name]
သူကတော့ marquee ရဲ့ back color အရောင်လေးပါ။ #009933 ဆိုရင်တော့ အစိမ်းရောင်လေးကို background ထားပြီး ရွှေ့သွားမှာပါ။ color ပိုင်းကို ကျွန်တော် အပေါ်ပိုင်းမှာ ပြောခဲ့ပြီးပါပြီ။
<marquee bgcolor="#009933" >I'm moving</marquee>
marquee လေးလုပ်ရတာ ပျော်စရာတော့ကောင်းပါတယ်။ စာလုံးလေးတွေက ရွေ့ရွေ့သွားတာလေးကို ကြည့်ပြီး ကျေနပ်မှုလေးရနိုင်ပါစေ။ အခု font ပိုင်းကို ဆက်လက်လေ့လာရအောင်။




Font
Font ကတော့ HTML မှာအရေးပါတဲ့ အပိုင်းပါ။ Web Page တစ်ခုမှာ ကိုယ်လိုချင်တဲ့ font ကိုပြောင်းလဲဖို့အတွက် font tag ကိုသိမှ ဖြစ်မှာပါ။။
<html>
<head><title>Example</title></head>
<body>
<font face="Zawgyi-one">Zawgyi Font ဖြင့်အသုံးပြုထားသည်</font>
</body>
</html>
အဲဒါဆိုရင် <font> နဲ့ </font> ကြားမှာရိုက်ထားတဲ့ စာက zawgyi-one font နဲ့ပေါ်နေမှာပါ။ face="font name" ကိုထည့်ရတာပါ။
font tag မှာသုံးလို့ရတဲ့ attribute တွေကတော့

[hex code] OR [color name]
color ကတော့ သိပြီးသားပါ။ အပိုင်း ၁ မှာလည်း ကျွန်တော် ပြောခဲ့ဘူးပါတယ်။ ဥပမာအနေနဲ့ ဒီလိုသုံးလို့ရပါတယ်
<font face="Zawgyi-one" color="#006699">Zawgyi Font ဖြင့်အသုံးပြုထားသည်</font>

size
[number]
သူကတော့ font ရဲ့ အရွယ်အစားပြောင်းတာပါ။ ပုံမှန်က size=3 ပါ။ စာလုံး size ကြီးလိုလျှင် size=4 ကနေ 7 ထိထည့်လို့ရပါတယ်။ 1 ကနေ 7 အထိရှိပါတယ်။ 3 ကတော့ ပုံမှန်စာလုံးပါ။ နောက်ပြီး +1 ကနေ +6 ရှိပါတယ်။ ပုံမှန်ကို ဘယ်လောက်တိုးမယ်ဆိုပါ။ +2 ဆိုရင် ပုံမှန်က 3 ဆိုတော့ 5 ဖြစ်သွားမှာပေါ့။ အဲလိုမျိုးပဲ -1 ကနေ -6 ထိရှိပါသေးတယ်။ -1 ဆိုရင် ပုံမှန်က 3 ဆိုတော့ 2 ဖြစ်သွားမှာပေါ့။ ဒီလိုလေး သုံးလို့ရပါတယ်။
<font face="Zawgyi-one" size="5">Zawgyi Font ဖြင့်အသုံးပြုထားသည်</font>
<font face="Zawgyi-one" size="+2">Zawgyi Font ဖြင့်အသုံးပြုထားသည်</font>
<font face="Zawgyi-one" size="-2">Zawgyi Font ဖြင့်အသုံးပြုထားသည်</font>





ဒါတွေကတော့ အခြား text formatting tags တွေပါ။ အချို့ကတော့ အပေါ်မှာပြောခဲ့ဘူးပါတယ်။
Tag
Description
<b></b>
ဒါကိုတော့ အပေါ်မှာလည်း ပြောပြီးပါပြီ။ သူက font ကို blod လုပ်တာပါ။
<big></big>
သူကလည်း bold လုပ်တာပါပဲ။
<blockquote></blockquote>
ဒါကတော့ tab ခုန်တာပေါ့။ ကိုယ့်စာပိုဒ်လေးကို တစ်တည်းတစ်သနု့်ထဲ ဖော်ပြချင်တဲ့ အခါမှာ သုံးကြပါတယ်။
<i></i>
italic လုပ်တာကို အပေါ်မှာပြောခဲ့ဘူးပါတယ်။
<pre></pre>
ဒီ code ကိုလည်း သိမှာပါ။ ကျွန်တော်တို့တွေ enter တွေ tab တွေမလိုပဲ သုံးခဲ့တာလေ။
<small></small>
သူကတော့ စာလုံးကို ပုံမှန်ထက် သေးအောင် လုပ်ပေးတာပါ။
<strike></strike>
အဲဒါလေးကတော့ စာလုံးတွေရဲ့ အလယ်မှာ မျဉ်းသားလိုက်တာပါ။
<sub></sub>
သူကတော့ စာလုံးကို အောက်နားဆင်းတာလေးပေါ့။ H2 လိုမျိုးလေးအတွက်ပေါ့။
<sup></sup>
သူကတော့ စာလုံးကို အပေါ်တင်တာပါ။ 22 လိုမျိုးပေါ့။
<tt></tt>
ဒါက typing font ကိုပြောတာပါ။ typing ရိုက်သလို စာလုံးပေါ်အောင်အတွက်ပါ။
<u></u>
ဒါကိုတော့ သိပြီးလောက်ပြီလို့ထင်ပါတယ်။ underline တားတာပါ။
အခုဆက်ပြီးတော့ Link တွေအကြောင်းပြောပါမယ်။ Link ကတော့ Web Page မှာအဓိက အခန်းက ပါဝင်ပါတယ်။ Page တစ်ခုနဲ့ တစ်ခု ချိတ်ဆက်ထားဖို့ အတွက် Link ချိတ်တတ်ဖို့လိုပါတယ်။
HTML For Web Design Suit Creating Web Page With Apperance And Link



Page Link And Image Link
Page Link လုပ်တယ်ဆိုတာကတော့ page တစ်ခုကနေ နောက် page တစ်ခုကို ချိတ်ဆက်ထားပါတယ်။ အောက်က example ပုံလေးကို ကြည့်လိုက်ရင် နားလည်နိုင်ပါတယ်။
ကျွန်တော်တို့တွေ Home Page ကနေ Gallery Page ကို Go To Home ဆိုတဲ့ စာလုံးလေး နှိပ်လိုက်တာနဲ့ ကူးသွားမယ်။ နောက်ပြီး Gallery ကနေလည်း Home Page ကို Home ဆိုတဲ့ စာလုံးလေးကို နှိပ်လိုက်တာနဲ့ Home page ကို ပြန်ရောက်သွားမယ်။ အဲဒီလိုမျိုးလေး ဖြစ်အောင် ကျွန်တော်တို့ အောက်ကအတိုင်း ရေးလိုက်မယ်။ File ၂ ခုရှိရမယ်ပေါ့။ index.html နဲ့ gallery.html ပေါ့။ နေရာအတူတူပဲ သိမ်းထားနော်။ C:\example\index.html နဲ့ C:\example\gallery.html အဲလိုမျိုးလေး နေရာအတူတူဖြစ်ရမယ်။
Index.html
<html>
<head><title>Example</title>
<body>
<!-- Link To Gallery Page -->
<a href="gallery.html">Gallery</a>
</body>
</html>



Gallery.html
<html>
<head><title>Example</title>
<body>
<!-- Link To Home Page -->
<a href="index.html">Home</a>
</body>
</html>
အပေါ်က code ကိုမရှင်းပြခင် မေးချင်တာလေးတွေ ပါလာမယ်ထင်တယ်။ <!-- --> က ဘာကြီးလဲဆိုပြီးတော့။ နောက်ပြီးတော့ home page ကို home.html နဲ့ သိမ်းလို့ကော မရဘူးလား။ ဘာလို့ index.html နဲ့သိမ်းတာလဲ။ ဘာတွေကွာလဲ။
<!-- comment --> အဲဒါက comment ရေးထားတာပါ။ <!-- နဲ့ --> ကြားမှာ ရေးထားတဲ့ စာတွေကို အလုပ်မလုပ်ပါဘူး။ ကျွန်တော်တို့ home page ကို ဘာလို့ index.html နဲ့ သိမ်းရလဲဆို web page တွေမှာ စတက်တဲ့ page က index.htmlပါ။ ဒါမှ မဟုတ် default.html ပေါ့။ www.example.com လို့ခေါ်လိုက်ရင် page တစ်ခုတက်လာမယ်။ တကယ်တမ်းတော့ www.example.com/index.html ဆိုတာကို သွားခေါ်ထားတာပါ။ အနောက်က index.html မပါလည်း အလုပ်လုပ်ပါတယ်။ ဒါကြောင့် Home Page ဆိုရင်တော့ index.html ဆိုပြီးသုံးရပါတယ်။ ဒါမှမဟုတ် default.html ဆိုလည်းရပါတယ်။
ကဲ.. Link အကြောင်းလည်း ဆက်သွားရအောင်။ link ချိတ်ချင်ရင် <a href="address">Name</a> ဆိုတဲ့ပုံစံမျိုးနဲ့ သွားရတာပေါ့။ address ဆိုတာကတော့ ကိုယ်ချိတ်ချင်တဲ့ page ပေါ့။ Name ကတော့ ပေါ်စေချင်တဲ့ နာမည်ပေါ့။ ထပ်မေးစရာလေး တစ်ခုထပ်ပေါ်လာတာကို တွေ့ရပါလိမ့်မယ်။ Link က အစကတော့ အပြာရောင်။ နောက်တော့ နီညိုရောင် ပြောင်းသွားတယ်။ ဘာဖြစ်လို့လည်း ။ အဲဒါကတော့ vistied ဖြစ်ပြီးသွားလို့ပါ။ တစ်ခါ click လုပ်ပြီးရင် အဲလိုအရောင် ပြောင်းသွားပါတယ်။ ကိုယ်နှိပ်ပြီးသားပေါ့။ အရောင်မပြောင်းချင်ရင်တော့ body မှာ vlink ဆိုတဲ့ attribute နဲ့ link ဆိုတဲ့ attribute မှာ အရောင် ပြင်လို့ရပါတယ်။ <body vlink="green" link="green"> အဲဒါဆိုရင်တော့ link color က အစိမ်းရောင်ဖြစ်နေတာကို တွေ့ရမှာပါ။ link လုပ်ရင် လူတိုင်းမေးတတ်တဲ့ မေးခွန်းတစ်ခုရှိပါတယ်။ file တွေကို download ချစေချင်တယ်။ ဘယ်လိုရေးရမလဲ။ တကယ်တမ်းတော့ လွယ်ပါတယ်။ link address ကို file ကိုပေးလိုက်ရုံပဲပေါ့။
<a href="file.zip>Download</a> အဲလိုမျိုးပုံစံလေးပေါ့။ ကဲ.. Link အကြောင်းရောက်ရင်တော့ path လမ်းကြောင်းလေး ကောင်းကောင်းသိဖို့လိုတယ်။ တော်တော်များများက မသိဘူး။ ရှုပ်တယ်လို့ထင်ကြတယ်။ တကယ်တမ်းအဲလို မရှုပ်ပါဘူး။

Path For Link
Path <a href=" အောက်က path link">Path</a>
ရှင်းလင်းချက်
./file.html OR file.html
နေရာတစ်ခုထဲမှာ အတူတူ သိမ်းရင် အဲလိုခေါ်လို့ရပါတယ်။ C:\example\index.html ကနေ C:\example\gallery.html ကိုခေါ်ရင်ပေါ့။ ./ ကတော့ directory တူတူပဲလို့ ဆိုတာပါ။
./download/download.html OR download/download.html
ဒါကတော့ ကိုယ့် folder အောက်က folder ကို ထပ်ခေါ်တာပါ။
../file.html
သူကတာ့ မတူတော့ဘူး။ folder ကို up လုပ်ပြီး ခေါ်တာပါ။ ဘယ်လိုမျိုးလဲဆိုရင်တော့ C:\example\download\index.html ကနေ C:\example\gallery.html ကိုခေါ်တာပေါ့။ download ဆိုတဲ့ folder အပေါ်တဆင့်က file ကိုခေါ်တာပေါ့။ နှစ်ဆင့် ခေါ်ချင်ရင်တော့ ../../file.html ပေါ့။ ../ ဆိုတာက folder directory ကို up လုပ်လိုက်တာပါ။
http://www.mysteryzillion.com
ဒါကတော့ တခြား website တစ်ခုကို လှမ်းခေါ်တာပါ။
./download/file.zip OR download/file.zip
download ချဖို့အတွက် file တွေ image file တွေကိုလည်း တိုက်ရိုက်ခေါ်လို့ရပါတယ်။ image ပိုင်းတွေကို ကျွန်တော် နောက်ပိုင်း ဆက်လက်ရှင်းပြပါအုံးမယ်။
HTML For Web Design Suit Creating Web Page With Apperance And Link





width က 100% ဖြစ်တဲ့အတွက်ကြောင့် browser အပြည့် table ကယူပါမယ်။
အဲဒီက အပေါ်ဆုံး first row ကိုဒီလိုပြင်ကြည့်လိုက်ပါ။
<table width="100%">
<tr><!-- First Row -->
<td width="30px">1</td>
<td>2</td>
<td>3</td>
</tr>
ဒါဆိုရင်တော့ ပထမ column ရဲ့ width ကို 30px လို့သတ်မှတ်လိုက်ပါပြီ။ ပထမ row မှာသတ်မှတ်လိုက်ရင် တခြား row တွေရဲ့ ပထမ column ကိုပါသတ်မှတ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ ကျွန်တော်တို့တွေဟာ px သာမက % နဲ့ပါ သတ်မှတ်နိုင်ပါတယ်။ column ၃ ခုလုံးကို သတ်မှတ်ချင်ရင်တော့ ဒီလိုရေးလို့ပါတယ်။
<table width="100%">
<tr><!-- First Row -->
<td width="45%">1</td>
<td width="20%">2</td>
<td width="35%">3</td>
</tr>
အဲဒီမှာဆိုရင်တော့ column ရဲ့ width ကို % နဲ့သတ်မှတ်ပေးမှာပါ။ အဲဒီမှာ တတိယ colum ကို width မထည့်လည်း သူ့ဘာသာ ချိန်ညှိပေးနိုင်ပါတယ်။ ကဲ... table နဲ့ ၀က်ဆိုဒ်လမ်းညွန်း လေးဆွဲကြည့်ရအောင်။
<html>
<head><title>Example</title></head>
<body>
<table width="100%" border="1" cellspacing="0" bordercolor="#0066CC" >

<html>
<head><title>Example</title></head>
<body>
<table width="100%" border="1" cellspacing="0" bordercolor="#0066CC" >
<tr><!-- First Row -->
<td>Website Name</td>
<td>Website link</td>
<td>website label</td>
</tr>
<tr><!--Second Row -->
<td>ကောင်းမင်းထက်</td>
<td>www.kaungminhtat.co.cc</td>
<td>Softwares & Games</td>
</tr>
<tr><!-- Third Row -->
<td>myanmar-it</td>
<td>www.myanmar-it.webs.com</td>
<td>Software To technology</td>
</tr>
<tr>
<td>အကြင်နာနန်းတော်</td>
<td>www.akyinnarnantaw.co.cc</td>
<td>Softwares & Games</td>
</tr>
</table>
</body>
</html>

Website Name Website link website label
Kaung Min Htet www.kaungminhtat.co.cc Softwares & Games
myanmar-it www.myanmar-it.webs.com Software To technology
A Kyin Nar Nan Taw www.akyinnarnantaw.co.cc Softwares & Games

လိုတလိုသုံးကြည်ပေါ့
နောက်မှစာအုပ်တင်ပေးလိုက်မယ်အများကြိးဆိုတော့ blog page မှာရေးလိုမကောင်းဘူးရှုပ်ကုန်မှာဆိုလို DOWNLOAD FROM MEDIAFIRE


0 comments:

Post a Comment

Popular Posts

Copyright 2010 အလှကမ္ဘာ
Create wWw.KaungMinHtat.blogspot.com template by ကောင်းမင်းထက်